Saturday, 31 March 2012

Funny Cartoon: 1k for a slap

ငွေဒါဏ် ၁၀၀၀-ကျပ် စီရင်ချက်အပေါ် ကြံခိုင်ဖွံ့ဖြိုးရေးအမတ်တစ်ဦးမှ အံ့သြကြောင်းပြော – သတင်းထောက် မအေးသူစံအား ပါးရိုက်ခဲ့သည့် အမှုတွင် တရားခံ ထက်ထက်မိုးဦးအား ငွေဒါဏ် ၁၀၀၀-ကျပ် ပေးဆောင်ရန် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ကြံခိုင်ဖွံ့ဖြိုးရေးအမတ်တစ်ဦးမှ အံ့သြဘနန်း ဖြစ်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါသည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ “အမှန်တကယ်ဆိုရင် အရိုက်ခံရသူကသာ ထက်ထက်မိုးဦးကို ၃၀၀၀-ကျပ် ပြန်ပေးသင့်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၂၀၀၇မှာ ဘုန်းကြီးတွေကို ဝင်ရိုက်တုန်းကလည်း တနေ့ကို ၃၀၀၀-စီ ရခဲ့လို့ပါပဲ” ဟူ၏။ Source: Edo Vader’s Facebook


Source: http://feedproxy.google.com/~r/shwedarlingblog/~3/USOd6LkmF_M/

Moon Lee Shannon Lee

No comments:

Post a Comment